觉悟之路 上座部佛教 Theravada Buddhism

 找回密码
 注册

QQ登录

只需一步,快速开始

搜索
查看: 677|回复: 0

Sayardaw Ashin Ottamathara

[复制链接]

743

主题

949

帖子

949

积分

文章编辑

Rank: 15Rank: 15Rank: 15Rank: 15Rank: 15

积分
949
发表于 2016-6-3 10:43:02 | 显示全部楼层 |阅读模式
13254316_1349663118393791_7922778552153363987_n.jpg
13267734_1349663201727116_4175663832065288593_n.jpg
13305254_1349663198393783_7839927429688515899_o.jpg

Sayardaw Ashin Ottamathara

သတင်းကောင်းပါးခြင်း
(သဘာဝရိပ်သာဆရာတော်၏ တရားစခန်း)
…………………………………………………..
ဂျာမနီနိုင်ငံအတွင်း မှီတင်းနေထိုင်ကြကုန်သော တရားဓမ္မအားထုတ်ရန် စေတနာသဒ္ဓါထက်သန်ကြကုန်သော ပါရမီရှင်အပေါင်းတို့အား နှိုးဆော်အပ်ပါသည်။
လာမည့် ဇွန်လ ၄ - ရက်နေ့တွင် မြန်မာနိုင်ငံ၊ သန်လျင်မြို့၊ သဘာဝတရားရိပ်သာဆရာတော် ဘဒ္ဒန္တဥတ္တမသာရ အရှင်မြတ်သည် နောက်ပါ သံဃာတစ်ပါး၊ ဆရာလေး ၂ ပါးတို့နှင့်အတူ ဂျာမနီနိုင်ငံ၊ ဖရန့်ဖွတ်မြို့၊ ဓမ္မဒူတမြန်မာကျောင်းသို့ ကြွရောက်တော်မူလာမည် ဖြစ်ပါသည်။
ဆရာတော်ဘုရား ကြွရောက်လာသည့်အခိုက် တရားဓမ္မအားထုတ်လိုသူပါရမီရှင်တို့အတွက် ဘာဝနာကုသိုလ်များ တိုးပွားပြီး သံသရာရိက္ခာထုပ်များ ထုပ်ပိုးနိုင်စေရန် ရည်ရွယ်၍
ဓမ္မဒူတမြန်မာကျောင်း ဆရာ/ဒကာ ညီညာစွာ စုပေါင်း၍
၂ - ရက်တာ တရာစခန်း စီစဉ်ကျင်းပသွားမည် ဖြစ်ပါသည်။
ခရီးစဉ်အကျဉ်း
…………………..
၎ ရက်နေ့ ဂျာမနီနိုင်ငံ ဖရန့်ဖွတ်မြို့သို့ ရောက်ပြီး ဓမ္မဒူတမြန်မာကျောင်းတွင် သီတင်းသုံးပြီး ၈ - ရက်နေ့တွင် အမေရိကန်နိုင်ငံသို့ ဆက်လက်ကြွရောက်မည်။
တရားစခန်းအစီအစဉ်အကျဉ်း
……………………..
၂ ရက်တာ တရားစခန်းအစီအစဉ်ကို
ဇွန်လ ၅ - ရက်နေ့နှင့် ၆ - ရက်နေ့များတွင်
သဘာဝရိပ်သာဆရာတော်ဘုရား၏ အစီအစဉ်အတိုင်း တရားဓမ္မနာယူခြင်း၊ စုပေါင်းတရားအားထုတ်ခြင်းများ ပြုလုပ်သွားကြမည်။
အစီအစဉ်
ဇွန်လ ၅ ရက်နေ့ ............
မနက် ၉း၃ဝ နာရီ ................. အခမ်းအနားပြင်ဆင်ခြင်း
မနက် ၁၁းဝဝ နာရီ ............... ကိုဝင်းကိုလတ် + မအိအိကျော် မိသားစုတို့၏
မွေးနေ့ဆွမ်းအလှူနှင့် တရားနာပရိသတ်အပေါင်းတို့က သံဃာတော်များနှင့်ဆရာလေးများအား စုပေါင်းဆွမ်းဆက်ကပ်လှူဒါန်းခြင်း
နေ့လယ် ၁၂း၃ဝ နာရီ .................. သဘာဝဆရာတော်ဘုရား၏ အစီအစဉ်အတိုင်း တရားစခန်း စတင်ခြင်း
အလှူရှင်များ
....................
၁။ ဇွန်လ ၅ ရက်နေ့ အရုဏ်ဆွမ်း ............ ကိုအောင်+မစိမ့်စိမ့်လှိုင် မိသားစု
၂။ ဇွန်လ ၅ ရက်နေ့ နေ့ဆွမ်း ............... ကိုဝင်းကိုလတ်+မအိအိကျော် မိသားစုတို့၏ မွေးနေ့ဆွမ်းအလှူနှင့် စုပေါင်းဆွမ်း
၃။ ဇွန်လ ၆ ရက်နေ့ အရုဏ်ဆွမ်း .......... ကိုသန်းကျော်စိုး + မချောတာလွင် မိသားစု
၎။ ဇွန်လ ၆ ရက်နေ့ နေ့ဆွမ်း ................ ကိုရှိန်း+မနန်းခေမာအောင် မိသားစု
၅။ ဇွန်လ ၇ ရက်နေ့ အရုဏ်ဆွမ်း ............ ကိုထက်ခေါင်ညွန့်
၆။ ဇွန်လ ၇ ရက်နေ့ နေ့ဆွမ်း ................
၇။ ဇွန်လ ၈ ရက်နေ့ အရုဏ် .............
၈။ ဇွန်လ ၈ ရက်နေ့ နေ့ဆွမ်း ............
လှူဒါန်းနိုင်သည့်အရာများ
……………………………..
သံဃာတော် ၄ ပါးနှင့် ဆရာလေး ၃ ပါးတို့အား
- အရုဏ်ဆွမ်းအလှူ (၇ ရက်၊ ၈ ရက်နေ့များ)
- နေ့ဆွမ်းအလှူ (၇ ရက်၊ ၈ ရက်နေ့များ)
- ၅ ရက်နေ့နှင့် ၆ ရက်နေ့ တရားစခန်း ယောဂီများအတွက် အအေးအဖျော်အလှူ
- တရားစခန်း ခန်းမအလှူ
- ဆရာတော်များနှင့်ဆရာလေးများ အသွားအပြန် ယာဉ်အလှူ
- စသော မိမိတို့သဒ္ဓါပေါက်ရာ အလှူဒါနများကို ပါဝင်ကုသိုလ်ပြုလှူဒါန်းနိုင်ကြပါသည်။
၂ ရက်တာ တရားစခန်း ကျင်းပမည့်နေရာ
.......................................
၅ ရက်နေ့ ...............
Saalbau Clubraum , Arnsburger Str 24, 60385, Frankfurt am Main
U4 စီးပြီး Höhenstr မှတ်တိုင်တွင်ဆင်းပါ ....
၆ ရက်နေ့ .............
ဓမ္မဒူတမြန်မာကျောင်း
Gutleutstr 127, 60327, Frankfurt am Main
您需要登录后才可以回帖 登录 | 注册

本版积分规则

QQ|手机版|小黑屋|觉悟之路 ( 粤ICP备13026064号 )   粤公网安备 44060802000093号

GMT+8, 2020-10-20 19:15 , Processed in 0.099342 second(s), 23 queries .

Powered by Discuz! X3.4

Copyright © 2001-2020, Tencent Cloud.

快速回复 返回顶部 返回列表